မိုင်းဆတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မယ်ဆွမ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင်ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မိုင်းဆတ်မြို့နယ် ဦးစီးမှူးရုံးမှ မယ်ဆွမ်တောင်ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် ဆယ်နှစ်ပြည့်ကတ်(၂၁)ဦး၊ ပျောက်ဆုံး/ပျက်စီး လဲလှယ်သူ(၂၀)ဦး၊ မိတ္တူ(၇)ဦးတို့အား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူး ဦးလှအေးနှင့် မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်တို့က ကာယကံရှင်လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရန် ကျန်ရှိ သူများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှသိရသည်။
မြင့်မောင်