ခရမ်း နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ် မြို့နယ်တွင် ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင်များ၊ အသက် ၆၅နှစ် နှင့်အထက် အဘိုးအဘွားများ၊အစိုးရ၊ ပုဂ္ဂလိကဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို နေစဉ် ထိုးနှံပေးလျက်ရှိပါတယ်။
ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ အဓိကလုပ်ဆောင်နေတဲ့ ထွေ/အုပ်ဌာနနှင့် ကျန်းမာရေးဝန်ထမ်းတွေ၊ ကာကွယ်ဆေး ထိုးနှံပေးတဲ့နေရာတွေမှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ဆေးလာရောက်ထိုးနှံကြတဲ့ အဘိုးအဘွားတွေ့ရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
ဦးမြဝင်း( ၇၀ )နှစ်
ရေကျော်ကျေးရွာ၊ ခရမ်းမြို့
မေး။ ဒီလိုဆေးထိုးခွင့်ရတဲ့အတွက် အဘရဲ့ ခံစားချက်လေးကို ပြောပြပေးပါ လားရှင့်။
ဖြေ။ အဘတို့အသိမိတ်ဆွေတွေထဲမှာ အဘတို့နဲ့ သက်တူရွယ် တူတွေ ရောဂါအခံရှိတဲ့သူတွေ တဖြုတ်ဖြုတ်နဲ့ သေနေကြတယ်၊ အဘလည်း စိုးရိမ်မိတယ်။ အခုလိုဆေးထိုးလိုက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားမိပါတယ်။
ဒေါ်ပျော့(၆၆)နှစ်
ညောင်ပင်ကွင်းကျေးရွာ၊ ခရမ်းမြို့
မေး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးဖြစ်တဲ့ အကြောင်းလေးကို ပြောပြပေးပါလားရှင့်။
ဖြေ။ အဲ့ရောဂါကြီးဖြစ်မှာကြောက်လို့ပါ။ ဒီဆေးထိုးထားရင် ဖြစ်ခဲ့ရင်တောင် ရောဂါမပြင်းထန်ဘူး၊ ဆေးရုံတတ်ရတဲ့အဆင့် မရောက်ဘူးလို့ ကြားသိရလို့ပါကွယ်။ ဒီရောဂါကြီးနဲ့ မသေချင်သေးဘူး၊ အဲ့ဒါကြောင့် ထိုးချင်နေတာ ဆန္ဒပြည့်သွားပြီ။ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်ကွယ်။
ဦးတင်ထွန်း( ၈၆ )နှစ်
အုန်းပင်ကျေးရွာ ခရမ်းမြို့
မေး။ မင်္ဂလာပါ။ ဦးလေးအနေနဲ့ အခုကာကွယ်ဆေးထိုးပြီးပြီ ဆိုတော့ ဘယ်လိုခံစားရလဲ။ နောက်ပြီး ဒီကိုဗစ်-၁၉ ကာကွယ်ဆေးအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိပါသလဲပြောပြပေးပါလားရှင်။
ဖြေ။ တီဗွီမှာ သူများမြို့တွေထိုးနေပြီကြားထဲက ထိုးချင်နေတာ။ ကိုယ့်မြို့မှာထိုးဖို့လည်းကြေညာတော့ပျော်သွားတယ်။ ဒီရောဂါ ဖြစ်လာခဲ့ရင် အနိုင်ယူနိုင်တော့မယ်ပေါ့။ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ် တီဗွီမှာ ကျန်းမာရေး ကဏ္ဍာမှာ လည်း ပါတယ်လေ။ ကာကွယ်ဆေးနဲ့ပက်သတ်ပြီး။ ဒီနေ့ ဒီမှာဆေးလာထိုးသူတွေလည်း အများကြီးဘဲ။ ဦးလေးတို့လည်း ကိုယ့်အလှည့်ရောက်ဖို့တောင် စောင့်ရတယ်။ ဦးလေးအသိတွေထဲမှာလည်း တချို့က မထိုးရဲကြသူတွေ ရှိတယ် ။ ဒီနေ့အမြင်ကို့ သူတို့ကို ဖုန်းဆက်ပြီး ပြောပြရင်း ဆေးလာထိုးဖို့ တိုက်တွန်းရမယ်။
ဒေါ် လှကြည်၊(၇၉)နှစ်
ကမာကလူကျေးရွာ ခရမ်းမြို့
မေး။ အဒေါ်အနေနဲ့ ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးပြီးခံစားချက် လေးကို ပြောပြပေးပါလားရှင့်။
ဖြေ။ မထိုးခင်ကတော့ နည်းနည်းကြောက်သလိုပဲ။ အခုထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့် အားရှိသွားသလို ခံစားမိသွား တယ်။အဒေါ်ကြီးရဲ့ အမျိုးသားကော လာထိုးတာပါ။ နှစ်ယောက်လုံး ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ်။
ကိုမင်း ( ခရမ်း )
ကိုမင်း(ခရမ်း)