ဘူးသီးတောင် နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Book Club အဖွဲ့ဝင်များနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်အသိပညာပေးဟောပြောပွဲတွင် ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်အေးအေးအောင်က ယနေ့အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နေ့တွင် ကျောင်းသား/သူများ၊လူငယ်များ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပေးခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောပြီး၊ ပညာရေးဌာနမှ ဆရာမဒေါ်ခင်မာချိုက အမျိုးသား အောင်ပွဲနေ့ကို လူငယ်လူရွယ်များ၊ ပြည်သူများအားလုံး မမေ့မလျော့တတ်စေရန်အတွက် အနာဂတ်ကျောင်းသား၊ ကျောင်းသူများ ၊လူငယ်လူရွယ်များအားလုံးက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် အရေးကြီးကြောင်းကိုလည်းကောင်း၊ Book Club အသင်းဝင် ဉီးသန်းလှိုင်က မျိုးချစ်စိတ်ဓာတ် အစဉ်နိုးကြားရန် လိုအပ်ပုံများကို လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသားနေ့အထိမ်းအမှတ် အမျိုးသားနေ့ကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသူများက လေ့လာကြည့်ရှုခဲ့ကြပြီး ဗဟုသုတရရှိစေရေး ပြည်သူ့စာကြည်တိုက်တွင် သုတ/ရသစာအုပ်များ ငှားရမ်းပေးလျှက်ရှိကြောင်းနှင့် mobile စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်သူဆီအရောက် ဝန်ဆောင်မှုပေးခြင်း၊ online စနစ်ဖြင့် အစီအစဉ်များတင်ဆက်ပေးနေမှုများကို ဒုတိယဉီးစီးမှူး ဉီးမြင့်ခိုင်နှင့် ဝန်ထမ်းများက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
လှကျော် (ပြန်/ဆက်)