ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာအား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်ပြီး ယင်းဒေသအား ရန်ကုန်တိုင်းဒေသကြီး စံပြမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန် စစ်မှုထမ်း ဟောင်းအိမ်ရာအား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်ပြီး ယင်းဒေသအား ရန်ကုန်တိုင်းဒေသကြီး စံပြမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၁နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စံပြမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွန်မှုပြုလာခြင်း နှင့် ပတ်သက်၍မြို့အင်္ဂါရပ်(၂၁)ချက်နှင့်အညီတိုးမြှင့်ဖွဲ့စည်းရမည်ဖြစ်ပါသဖြင့် ဌာနဆိုင်ရာများအနေဖြင့်မိမိတို့ ဌာနအလိုက် မြို့ အင်္ဂါရပ်နှင့် ညီညွှတ်မှုရှိ/မရှိ အစရှိသည်တို့နှင့်ပတ်သက်၍  ညှိနှိုင်းဆွေးနွေးတင်ပြရန်ပြောကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ၊သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီးစံပြ မြို့အဖြစ် သတ်မှတ်နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

သက်မင်းဟန်