(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဆိပ်ကြီးခနောင်တို မြို့နယ်၌ အခမဲ့ဖြန့်ဝေပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၈

နိုဝင်ဘာ(၂၈)ရက် ယနေ့တွင်ကျရောက်သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင် များကိုယနေ့ နံနက်ပိုင်းမှစ၍  ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ လူစည်ကား ရာနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်အကြီးအကဲ၏ အမှာစကား ကောက်နုတ်ချက်၊ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကျဉ်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို

သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးစာရင်းအပါအဝင် ၊ သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ စသည်တို့ဖြင့် ဝေဝေဆာဆာဖော်ပြပါရှိပြီး လက်ကမ်း စာစောင်များကို မြို့နယ်အတွင်းရှိ ဈေး၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်နှင့် လူစည်ကားရာ နေရာများတွင် ပြည်သူ့လက်ဝယ်အရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကအခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဝေယံ(IPRD)