ကော့မှူး နိုဝင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကျောင်းသား / ကျောင်းသူများနှင့် ပြည်သူများအသိ ပညာဗဟုသုတ တိုးပွားလာစေရေးအတွက် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြတ်စေရန် ရည်ရွယ်၍(၁၀၁) နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်ကပိုင်းက အခမဲ့လိုက်လံဖြန့်ဝေပေးနေကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ရက်နေ့ ဖဆပလအဖွဲ့ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် ၁၁.၄.၂၀၂၁ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြောကြားခဲ့ သည့်အမှစကား ကောက်နုတ် ချက်များ၊ (၉၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည်များ ၊ ၁၀၁နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သမိုင်းအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ကောက်နုတ်ချက်များ ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကဗျာများနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းအရာများ ပါဝင်သည့်သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများ၊ ကျောင်းသားကျောင်းသူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကားဂိတ်များ ၊ ဆိုက်ကယ်ဂိတ်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများနှင့် ပြည်သူများထံလက်ဝယ်အရောက်လိုက်လံဖြန့်ဝေပေးနေကြောင်း သိရသည်။ အဆိုပါသတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှစောင်ရေ (၁၀၀၀၀၀)အခမဲ့ဖြန့်ဝေထုတ်ဝေပေး ကြောင်းသိရသည်။
ကျော်သူရ