ကျောက်ဆည်မြို့နယ် အမှတ်(၇)အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်

ကျောက်ဆည်၊  နိုဝင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်းနှင့် နေ့ထူးနေမြတ်များအကြောင်း သိရှိစေရန်နှင့် ကျောင်း သင်ခန်းစာများအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရ သည်။

ရှေးဦးစွာ ကျောင်းအုပ်ရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား၊ကျောင်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊စာပေများဖတ်ရှုခြင်းဖြင့် ပြင်ပ ဗဟုသုတများတိုးပွားစေကာ ဘဝတွင်အောင်မြင်မှုများ ရရှိကြစေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ကျောင်းသား ၊ကျောင်းသူလေးများက အဖွဲ့လိုက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)