ညောင်ဦးမြို့၌ ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ညောင်ဦး  နိုဝင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၁၀၁ နှစ်မြောက်အမျိုး သားအောင်ပွဲ နေ့ အထိမ်းအမှတ်အခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက် တန်းကျောင်းရှိ ပန်းမျိုးတစ်ရာ ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က အခမ်းအနားကျင်း ပခဲ့ကြောင်းသိရသည်။

အဆိုပါ ၁၀၁ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်မှ ဖတ်ကြားသည်။

၁၀၁ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ် ပညာရေးမှူး နှင့် ဆရာ/ဆရာမ အင်အား ၁၀၀ဦးခန့်တက်ရောက်ကြပြီး အခမ်းအနားအား ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD