မိုင်းပျဉ်း နိုဝင်ဘာ၂၈
ရှမ်းပြည်(နယ်အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုဝင်ဘာလ(၂၂)ရက်မှ(၂၈)ရက်နေ့အထိ နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လွယ်လုံကျေးရွာအုပ်စုအတွင်းရှိ ရွာများအားလွယ်မွန်းကျေးရွာတွင် အခြေပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၉)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၅) စုတို့ကိုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်လ၀ကမှူးဦးစိုင်းသန်းထွန်းနှင့် အဖွဲ့ဝင်(၃)ဦးတို့က ကွင်းဆင်းဆောင်ရွက် ပေးသည်။ ဆက်လက်၍ပန်းခင်းစီမံချက်ဖြင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရပါသည်။
ခင်သန္တာအောင်