ကြည်မြင်တိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြည်မြင်တိုင် နိုဝင်ဘာ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်၁၀နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော ကားမှတ်တိုင်များ၊ ဌာနဆိုင်ရာများသို့ သွားရောက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များအား    ပြည်သူများ လက်၀ယ်အရောက်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင်  အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးပညာရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ဆောင်ပုဒ်များနှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။