လမ်းမတော်မြို့နယ်တွင် (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ ကျင်းပ

လမ်းမတော် နိုဝင်ဘာ  

၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းတည် ၁၂ နာရီက လမ်းမတော်မြို့နယ် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြသထားကြောင်း သိရသည်။

အဆိုပါ စာအုပ်ပြပွဲတွင် အမျိုးသားနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ စာဖတ်ဝါသနာရှင်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာစောင်များ၊ အမျိုးသား စာပေဆုရ စာအုပ်များတွင် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အမျိုးသားအောင်ပွဲနေ့၏ နောက်ခံသမိုင်းကြောင်းများ၊ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာများအား ထည့်သွင်းပြသထားကြောင်း သိရသည်။

လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက် သည့် သမိုင်းအကြောင်းအရာများအား နေ့ထူးနေ့မြတ်များ၊ အချိန်ကာလနှင့် လျှော်ညီသည့် အသိပညာပေးမှုများကို ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရူနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်