ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ကျင်းပ

ကျောက်ဖြူ   နိုဝင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင် တင်ကြည်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အနာဂတ် မျိုးဆက်သစ် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများသိရှိပြီး ဗဟုသုတများရရှိစေရန် ‌အသိပညာပေး ပြောကြားခဲ့သည်။

ယင်းနောက် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ ၁၆ ဦးတို့မှ မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်ခေါင်းစဉ်အသီးသီးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း