လမိုင်း နိုဝင်ဘာ ၂၈
မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၁ နာရီက လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.က ဘူတာကုန်းကျောင်းတွင် ပြုလုပ်သည်။
ပြိုင်ပွဲများမကျင်းပမီ အ.မ.က ဘူတာကုန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဝိဇ္ဇာလင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိူးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံနှင့် လူမျိုးကိုချစ်သော၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကို လိုလားသော အမျိုးသားရေး စိတ်ဓာတ် များ ကိန်းဝပ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားကာ နံရံကပ်စာစောင်များ ပြသခြင်း၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီမြှင့်ပေးခဲ့ကြောင်း သိရသည်။