တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

တပ်ကုန်း    နိုဝင်ဘာ   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် ပျော်ရွှင်ခြင်းစာအုပ်ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်၊၊        

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင့်တင့်ခိုင် ဦးစီးအရာရှိ (တာဝန်ပေး)က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များပြောကြားပြီးနောက် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း(Book Club) အဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ ဦးတင်လွန်း(ကိုကြီးလွန်း-တပ်ကုန်း)တို့က စာပေဝါသနာရှင်များနှင့် အတူ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသည့် ပျော်ရွှင်ခြင်း စာအုပ်တွင်ပါရှိသော ချစ်ခင်ရင်းနှီးမှု၊ အခက်အခဲနှင့် ရင်ဆိုင်ရလျှင်၊ စိတ်ပူပန်တတ်တဲ့ အကျင့်ကိုဖျောက်ပါ၊ ပျော်ရွှင်မှု နှင့်အခက်အခဲ၊ ရည်မှန်းချက်တွေ ဘာကြောင့် လိုအပ် သလဲ၊ လိုချင်တာတွေဖြစ်မလာတဲ့အခါ  စသည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်