ဟိုပန် နိုဝင်ဘာ ၂၇
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ကဗျာပြိုင်ပွဲ နှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် ဟိုပန်မြို့နယ်၊ အထက(ခွဲ)၊ ရွှေဝါကျေးရွာကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် " အမျိုးသားနေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၁၈)ဦးနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် "အမျိုးသားအောင်ပွဲနေ့" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၆) ဦး စုစုပေါင်းကျောင်းသား/ သူ(၂၄)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ များနှင့် ဆုရရှိသည့်ကျောင်းသား/သူများအား ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေတ္တာလက်ဆောင် များနှင့် ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)