တန့်ယန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကျင်းပ

တန့်ယန်း  နိုဝင်ဘာ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ စာစီစာကုံးပြိုင်ပွဲနှင့်ကာတွန်းပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း အဆင့်အတွက် စာစီစာကုံး ပြိုင်ပွဲကိုလည်းကောင်း၊ အခြေခံပညာ မူလတန်းအဆင့်အတွက် ကာတွန်းပန်းချီ ပြိုင်ပွဲကိုလည်းကောင်း ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်၊ မြို့နယ်ပညာရေး ဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် တာဝန်ရှိ ဆရာဆရာမများ ကြီးကြပ်၍  ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၂)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)