လမိုင်း နိုဝင်ဘာ ၂၇
မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီက လမိုင်းမြို့ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးပြီး (အ.မ.က)ဘူတာကုန်းကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးဝိဇ္ဇာလင်းက အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် ပတ်သက်၍ အနာဂတ် မျိုးဆက်သစ်လူငယ်များ မြန်မာ့သမိုင်းတွင် မမေ့ပျောက်နိုင်သော ဂုဏ်ယူဖွယ်ရာ အမျိုးသားအောင်ပွဲနေ့ အရေးပါပုံ၏သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကလေးငယ်များ အတွက် အွန်လိုင်းမှ အသိပညာနှင့် အတတ်ပညာဗဟုသုတ တိုးပွားစေရေး အတွက်နည်းလမ်း မျိုးစုံဖြင့် တင်ဆက်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ ပြည်သူတို့ သိသင့်၊ သိထိုက်သည်များအားကြော်ငြာဘုတ်များ ကပ်ပေးခြင်း၊နံရံကပ် စာစောင်များ ပြသပေးခြင်းနှင့်အတူ ပညာပေးနှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူအေး(ပြန်/ဆက်)