မင်္ဂလာဒုံ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင်ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မျက်နှာသုတ်ပုဝါများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင်မ င်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းစီမံ ခန်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးမြန်မာနိုင်ငံ ကြက်ခြေနီအသင်းသဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ကပစ္စည်းများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အချိန်ပြည့်အမှုဆောင်ဒေါက်တာ ဦးတင်ညွန့်က မျက်နှာသုတ်ပုဝါအထည်(၁၈၀)အား လည်းကောင်း၊ အဝတ်အစားအထည်(၅၀)စုံအား လည်း ကောင်း၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တီရှပ်အင်္ကျီအထည်(၅၀)ထည်အား လည်း ကောင်း လှူဒါန်းပေးအပ်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)