မိုင်းဖြတ်မြို့၊ ယာယီပျံကျ​စျေး၌ ​စျေး​ရောင်း၊စျေးဝယ်များအား ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများ ရှိ/မရှိ (အခမဲ့) စစ်​ဆေး​ပေး

မိုင်းဖြတ်   နိုဝင်ဘာ   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှု များ ပ​ပျောက်​​ရေးအတွက် အထူးစီမံချက်ဖြင့်  ​ ​ယ​နေ့နံနက်ပိုင်းက ယာယီပျံကျ​စျေး၌ ​စျေး​ရောင်း၊ ​စျေးဝယ်များကိုသက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ (အခမဲ့) စစ်ဆေး​ပေးခဲ့​ကြောင်းသိရသည်။

 ထိုသို့ စစ်​​ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး​ကော်မတီ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ​ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိဌာနဆိုင်ရာများ  မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 FeverClinicမှ အမျိုးသမီး ကျန်းမာရေးဆရာမ ​ဒေါ်နန်းခင်ပပ​ကျော် ဦးစီးသည့်ကျန်းမာ​ရေးဝန်ထမ်းများ၊ ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူး​ပေါင်းအဖွဲ့က  ​​စျေး​ရောင်း၊ ​စျေးဝယ်သူ စုစု​ပေါင်း (၄၂၁)ဦးကို ကိုဗစ်-၁၉​ရောဂါ ရှိ/မ​ရှိ RTD Test kitဖြင့် စစ်​ဆေးခဲ့ရာ ​​ရောဂါပိုးမ​တွေ့​ရှိ​​ကြောင်း သိရသည်။

 ထို့အတူ မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 Fever Clinic၌  လာ​ရောက်စစ်​ဆေးသူ (၁၆)ဦး ကို  စစ်​ဆေး​ပေးခဲ့ရာ (၄)ဦး၌ ကိုဗစ်-၁၉​ရောဂါ စစ်​ဆေး​တွေ့ရှိခဲ့ပြီး ယ​နေ့တွင် ​ရောဂါပိုး​တွေ့ရှိသူ စုစု​ပေါင်း(၄)ဦးရှိ​ကြောင်းသိရသည်။

​သန်းထွန်း​အေး