ရသေ့တောင် နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် အဖြစ် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဦးအောင်စံထွန်းက အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာ ပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့သည်။
ယင်းနောက် ရသေ့တောင်မြို့နယ် စာရေးဆရာ နေမင်းက ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့တွင်ပေါ်ပေါက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန်ကျင့် သပိတ်မှောက်ခဲ့သည့် ကျောင်းသားသပိတ်မှအစပြု၍ မြန်မာနိုင်ငံ၏အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာရသည့် သမိုင်းအကြောင်းအရာများ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုခဲ့ကြသည့် ကျောင်းသားကြီး(၁၁)ဉီး နှင့်ကျောင်းသား သပိတ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်အထိ နောက်ဆက်တွဲ အကျိုးဆက်များအား အသိပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနအနေဖြင့် အများပြည်သူအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေးလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားအောင်ပွဲနေ့အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)