မော်လမြိုင် နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပြည်နယ်အားကစားခန်းမ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နှုတချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာ စီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး ၊ အမျိုးသားရေးစိတ်ဓာတ်စသည့် ဗဟုသုတရရှိဖွယ် အကြောင်းအရာများပါဝင်သည်။
သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းသည် ပြည်သူများလေ့လာဖတ်ရှုနိုင် ရန်နှင့် နေ့ထူးနေ့မြတ်နှင့်ဆိုင်သော အကြောင်း အရာများ ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)