ပင်လောင်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းရာတစ်ၕက ပျမ်းမျှ ၁၁၃ တင်းထွက်ရှိ

ပင်လောင်း   နိုဝင်ဘာ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်း စားနပ်ရိက္ခာ ၀မ်းစာဖူလုံရေး၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေး၊မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ၀င်ငွေ တိုးပွားစေရေး၊လယ်ယာထွက်ကုန်များစျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ်လျက်မျိုး ကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ကလဲစံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းများဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကိုထီပေါင်းကျေးရွာအုပ်စု၊ထီပေါင်းရွာ တောင်သူ ဦးကြား ပိုင် လယ်မြေကွင်းအမှတ် ၁၀ (ဦးပိုင် ၉၈)တွင်ရွှေရင်အေး မျိုးစပါးဖြင့်စိုက်ပျိုးထားသော စံကွက်အား တောင်သူများ၏စုပေါင်းရိတ်သိမ်းမှုဖြင့်ရိတ်သိမ်း၍အထွက်နှုန်း တိုင်းတာခဲ့ရာတစ်ဧကပျမ်းမျှ ၁၁၃ တင်းထွက်ရှိကြောင်းသိရသည်။

ထွန်းလင်း(ပင်လောင်း)