ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

နမ့်ဆန်        နိုဝင်ဘာ       ၂၇

ရှမ်းပြည်နယ် ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပေါ်ရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ကွင်းဆင်း စစ်ဆေး အဖွဲ့တို့မှ မြို့ပေါ်ရှိ စားသောက်ဆိုင်များ ကိုဗစ်စည်းကမ်းများနှင့်အညီ ဆိုင်ထိုင် စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း၊  စည်းကမ်းလိုက်နာခြင်းမရှိပါက  ကိုဗစ်စည်းကမ်းများနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်း စေရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချ စေလိုပါကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)