ရန်ကုန် နိုဝင်ဘာလ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာန ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင် ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်မှ 7p စက်သုံးဆီအရောင်း ဆိုင်မှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ Dcp မီးသတ်ဆေးဘူးအသုံးပြုပုံ၊ အမြှုပ်ဆေးရည်းများအသုံးပြုပုံ တို့ကို လက်တွေ့ အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ပြသ ခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ