မူဆယ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မြန်မာ-တရုတ်နယ်စပ်ဂိတ်အားကုန်စည်စီးဆင်းမှု စတင်ရန် ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ယနေ့မန်နံနက် (၁၁)နာရီအချိန်က စတင်ဖွင့်လှစ်သည်။
မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို ဇူလိုင်လမှ စတင်၍ ပိတ်သိမ်းထားပြီး ယခုအချိန်၌ ကုန်စည်စီးဆင်း မှုစတင်ရန် ဖွင့်လှစ်ခြင်းပြီး ဖွင့်လှစ်သည့် အကြောင်းအရင်းများကိုတာဝန်ရှိသူများက ယခုလို ပြောကြားသည်။
ဦးစိန်ဝင်းကုန်သွယ်ရေးဇုန်ညွှန်ကြားရေးမှူး ကပြောကြားရာတွင် “အခု ကျင်စမ်းကျော့ဂိတ်က ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ကစပိတ်ပါတယ်။ ပိတ်သွားတဲ့အခါမှာ ကျွန်တော်တို့ဆီမှာ ပို့ကုန် ကားတွေ အများကြီးကျန်ခဲ့တယ်။ အလားတူပဲ တရုတ်နိုင်ငံဘက်မှာ မြန်မာသွင်းကုန်ကားတွေ အများကြီးကျန်ခဲ့တယ်။ ကျွန်တော်တို့က နှစ်နိုင်ငံညှိနှိုင်းတဲ့အတွက် နိုဝင်ဘာ(၂၆)ရက်နေ့မှာ ပြန်ဖွင့်ဖို့ညှိုနှိုင်းခဲ့ပါတယ်။ ညှိုနှိုင်းတဲ့ အခါမှာ ကျွန်တော်တို့ဘက်က ပို့ကုန်ရော သူတို့ဘက်က သွင်းကုန်ရော ကွန်တိန်နာနဲ့ဘဲဖြတ်သန်းမှာဖြစ်တယ်။ ဒီနေ့စဖွင့်တဲ့နေ့မှာ ကျွန်တော်တို့ မြန်မာ ဘက်က ကွန်တိန်နာ(၅)စီးသွားမယ်။ သူတို့ဘက်က ကွန်တိန်နာ (၅)စီးလာမယ်။ ကျွန်တော်တို့ ဘက်က သီဟိုစေ့(၁)စီး၊ ရာဘာ(၂)စီး၊ ဆန်ကွဲ(၂)စီး၊ ဖြစ်ပါတယ်။ သူတို့ဘက်ကတော့ ဆိုင်ကယ် အပိုပစ္စည်းနဲ့လူသုံးကုန်ပစ္စည်း တွေလို့ သတင်းရရှိပါတယ်။ ဒီနေ့ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဘက်မှာရှိတဲ့ သူတို့ရဲ့ကုန်မဲ့ကားတွေ သွားဖို့ရှိသလို သူတို့ဘက်မှာရှိတဲ့ ကျွန်တော်တို့ဘက်က ကုန်မဲ့ကားတွေ ပြန်ဝင်လာဖို့ ပြုလုပ်ထားပါတယ်။ အခုကစစချင်းဖြစ်တဲ့အတွက် ကွန်တိန်နာ(၅) စီးနဲ့စ တာဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တိုးလာမှာဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ ကိုဗစ်-၁၉ ပိုးသတ်ဆေးဖြန်းတာတို့ ယဉ်မောင်းလဲလှယ်တာတွေချောမွေ့သွားရင် ပိုမြန်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဂိတ်က ဇူလိုင်လထဲကဆိုတော့ ကုန်သယ်တွေက နားနေရတာပေါ့။ ကုန်ကားတွေ အများကြီးပိတ်မိနေတယ်။ တရုတ်နိုင်ငံဖက်မှာလည်း မြန်မာကုန်ကားတွေ ကားစီးရေရာချီပိတ်မိနေ ပါတယ်။ ကားတွေပိတ်မိနေတော့ ကုန်ပစ္စည်းတွေ ပျက်စီးတာတွေရှိပါတယ်။ နစ်နာမှုတွေများပါ တယ်။ ကုန်သွယ်မှု လမ်းတစ်လျောက်မှာရှိတဲ့ ဈေးဆိုင်တွေ ဝင်ငွေနည်းသွားပါတယ်။ အခုပြန်ဖွင့် လိုက်ပြီဆိုတော့ ကုန်သည်တွေအတွက်လည်း ပိုပြီးတော့ အကျိုးရှိလာမယ်။ လမ်းတစ်လျှောက်က ပြည်သူတွေ ထမင်းဆိုင်ကအစ ပြန်ပြီးတော့ အလုပ်ဖြစ်လာမယ်။ ပြည်သူတွေအတွက်လည်း အများ ကြီး အကျိုးရှိပါတယ်။ တရုတ်နိုင်ငံက ကိုဗစ်ရောဂါကူးစက်မှုတိုးပွားမှာကို တအားစိုးရိမ်တယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ဘက်က ပို့တဲ့ပစ္စည်းတွေကို ပိုးသတ်ဆေးသေချာဖြန်းပြီးတော့ စနစ် တကျဆောင်ရွက်ပါတယ်။ အလားတူပဲ ချင်းရွှေဟော်နယ်စပ်ဂိတ်လည်းဒီနေ့ဖွင့်ပါတယ်။ ဒီနေ့ မြန်မာ-တရုတ်နယ်စပ် စခန်း(၂)ခုစဖွင့်ပါတယ်” ဟုပြောကြားသည်။
ဦးဇော်လင်း မြို့နယ်အုပ်ချုပ်ရေးမှူးကပြောကြားရာတွင် “နှစ်နိုင်ငံကုန်သွယ်မှုနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါမှသာ ပြည်သူလူ ထုအဆင်ပြေချောမွေ့စေရန်နှင့်ကုန်ပစ္စည်းများ အမြန်ဆုံးဖလှယ်နိုင်မှာဖြစ်ပါတယ်။ အခက်အခဲတွေဖြစ်လာ ရင်လည်းသက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးဌာနများနဲ့အတူ အထက် အဆင့်ညွှန်ကြားမှုနဲ့အတူပေါင်းစပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟုပြောကြား သည်။
ဦးမောင်စိန် ရွှေလွယ်အင် ကုမ္မဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်စိန်ကပြောကြားရာတွင် ကျွန်တော်တို့ရွှေလွယ်အင် ကုမ္မဏီကတော့ နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္မဏီနဲ့ ဥရောပ အာရှ ကော်မာရှယ်ကုမ္မဏီတို့ ပူးပေါင်းပြီးတော့ ကျင်စမ်းကျော့ ခေါက်တိုကုန်ချိန်းများ ကားကွင်းကို တာဝန်ယူပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကြားထဲ ကုန်စည်စီးဆင်းမှု ပိတ်လိုက်ပြီးတော့ ကုန်စည်စီးဆင်းမှု ပြန်လည် လည်ပတ်နိုင်အောင် အဓိကထားပြီး တော့ ဆောင်ရွက်လျှက်ရှိပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ကုမ္မဏီအနေနဲ့ အထက်မြန်မာပြည် တစ်နံတလျားမှာလိုအပ်တဲ့ Liquid အောက်ဆီဂျင်တွေ အများကြီးသွင်းခဲ့ပါတယ်။ သွင်းခဲ့တဲ့အခါ အခက်အခဲတွေလည်း အများကြီးဖြစ် ပါတယ်။ နိုင်ငံတော် အကြီးအကဲများလည်းကူညီပေးတယ်။ ဒေသအာဏာပိုင်တွေလည်း ကူညီပေး တယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် Liquid အောက်ဆီဂျင်တွေ အချိန်မီရောက်ရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုပုံစံအတိုင်းသွားလျှင် ကိုဗစ်ကတစ်ဘက် စီးပွားရေးက တစ်ဘက် အားလုံးအဆင်ပြေမှ ပြည်သူအားလုံး အဆင်ပြေမှာဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ များနှင့် တရုတ်ရွှေလီအစိုးရနဲ့ ညှိုနှိုင်းပြီးတော့ အခုလို ပြုလုပ်မှသာ ကုန်သွယ်မှု စတင်နိုင်ရေး ဆောင်ရွက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်၏ အကြံပြုချက်ဖြင့် နှစ်ဘက်လုံး ယခုအတိုင်းပြုလုပ်မှသာ ကုန်သွယ်မှုစတင်နိုင်အောင် ကျိုးပမ်းဆောင်ရွက် တာဖြစ်ပါတယ်။ ပို့ကုန် နှင့်သွင်းကုန်များကို ကုန်ချိန်းပြောင်းဖို့ရန်အတွက် စီစဉ်ထားပါတယ်။ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ကုန်သွယ်မှု စတင်ဖွင့်လှစ်နိုင်ဖို့ စတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ တာဝန်ရှိသူနှင့် ညှိုနှိုင်းမှုအရ ကွန်တိန်နာနှင့်ဆို ကိုဗစ်ကာကွယ်ထိမ်းချုပ်ရေး လုံခြုံရန် အတွက် ကွန်တိန်နာနှင့်ပို့ဆောင်နိုင်အောင်ဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်ကာလမှာ နယ်စပ်ဂိတ်တွေ ပိတ် ထားပါတယ်။ ပင်လယ်ရေကြောင်းကနေ ကွန်တိန်နာနဲ့သွားတာတော့ မပိတ်ထားပါဘူး။ ဒါကြောင့် မို့ ကွန်တိန်နာနဲ့ သွားရင် ကိုဗစ်ကာကွယ်နိုင်တဲ့ အနေအထားရှိတာကြောင့် ပထမဆုံးလုပ်ဆောင် နိုင်တဲ့ အနေအထားရှိပါတယ်။ ကွန်တိန်နာချိန်းပြောင်းရန် ကောက်ခံမည့်နှုန်းထားကတော့ ယာယီ သတ်မှတ်ထား တာကတော့ ကွင်းဝင်ကြေးအနေနဲ့ ၂၀၀၀၀ကျပ်၊ ပိုးသတ်တဲ့နှုန်းထားကတော့ ၂၀၀၀၀ကျပ်၊ ပြီးရင် ရှန်တိန်ခ ကို ၁၀၀၀၀ကျပ်၊ ဆေးစစ်ခကို ၁၀၀၀၀ကျပ်၊ ကျွန်တော်တို့ ရွေလွယ်အင်အနေနဲ့ ကောက်ခံတာကတော့ ၆၀၀၀၀ကျပ်ဖြစ်ပါတယ်။ နောက်ပြီးကွန်တိန်နာ ငှားရမ်းခကတော့ တစ်ရက်ကိုယွမ် (၂၀၀)သတ်မှတ်ထားပါတယ်။ ကွန်တိန်နာအတင်အချကို ယွမ်(၂၀၀)သတ်မှတ်ထားပါတယ်။ ကွန်တိန်နာကွင်းကနေ ကျိန်စမ်းကျော့ ဂိတ်အထိ ၃၈၀၀ယွမ် သတ်မှတ်ကောက်ခံပေမဲ့ နောက်ပိုင်းမှာ ဒီထက်သက်သာတဲ့နှုန်းထားနဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါတွေ့ဆုံမေးမြန်းချက်အား မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ နှင့်ယနေ့ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် ကိုယ်တိုင် တွေ့ဆုံမှတ်တမ်းတင်ခြင်းဖြစ်ကြောင်းသိရသည်။
အယ်လ်စိုး(မူဆယ်)