မိုင်းရှူး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း )လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်မှစ၍ လူစည် ကားသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းက ၂၀.၁.၁၉၄၆ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားပညာရေးစသည့် အကြောင်းအရာများနှင့် ရေနံ့သာမောင်ကျော်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာ စသောကဗျာများဖြင့် ပါဝင်သည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် (၂၅၅) စောင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)