ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဇမ္ဗူသီရိ     နိုဝင်ဘာ   ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆုရွေးချယ်မှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသူအား ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးကလည်းကောင်း၊ ဒုတိယဆုရရှိသူအား အမှတ်(၂၂) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာမဒေါ်မေလဲ့ရည်ဦးကလည်းကောင်း၊ တတိယဆုရရှိသူအား အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်မာနွယ်ကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)