ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာအုပ်ပြပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဇမ္ဗူသီရိ   နိုဝင်ဘာ  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာအုပ်ပြပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းရင်းသားရိုးရာစာအုပ်များ ပြသခဲ့ပြီး မူလတန်းအဆင့် အရုပ်ခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ များအား အာဟာရဒါနကျွေးမွေးကာ ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူးမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)