မိုင်းလုံမြို့တွင် အသိပညာပေးအစီစဉ်အဖြစ် ကဗျာရွတ်ဆိုခြင်းကို Onlineမှတစ်ဆင့် ဆောင်ရွက်

 မိုင်းလုံ   နိုဝင်ဘာ  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက  ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ် များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက် ရှိပါသည်။

ယနေ့မှာတော့ ဒေါ်အိမိုးခိုင်(ငယ်/ရေး)က ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ကဗျာများ ကလေးဘဝတည်းက စိတ်တွင်စွဲထင် ကျန်ရစ်နေစေရန်၊ စာအုပ်စာပေနှင့်အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ တောင်ရိုးစာပေမှရေးသားသော "ဝါးလက်မှုမိသားစု"ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန်  စာအုပ်မိတ်ဆက် ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍  Onlineမှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)