မက်မန်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ဆန်းက (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား အဖွင့်အမှာစကား ပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူ (၁၉) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေး ဒိုင်လူကြီးများမှ ဆုများအား စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆုပေးပွဲကျင်းပရာအထက်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲဆုရရှိသူ (၃)ဦးနှင့် အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦး စုစုပေါင်း ဆုရရှိသူ(၆)ဦးတို့ကို တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး (IPRD)