ပင်လုံမြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ပင်လုံ       နိုဝင်ဘာ    ၂၆       

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန်က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းသို့ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန ဒုတိယမြို့အုပ်ချုပ်ရေးမှူး၊လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ် မီးသတ်ဉီးစီးဌာန တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ ပင်လုံမြို့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှတာဝန်ရှိသူများ၊  ဌာနဆိုင်ရာများ၊ ပင်လုံနယ်မြေရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ပင်လုံ မြို့ဈေးကော်မတီတို့က ပင်လုံမြို့မဈေးတွင် မီးဘေးလုံခြုံရေးဆောင် ရွက်ထားရှိမှု အခြေ အနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးတွင်မီးဘေးလုံခြုံရေး ဝန်ထမ်းများဖွဲ့စည်းထားရှိမှုအခြေအနေ၊  မီးဘေးကြိုတင် ကာကွယ်ရေးစီမံချက်များ ဆောင်ရွက်ထားရှိမှု၊မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက် များဆောင်ရွက်ထားရှိမှု အခြေအနေ၊ လျှပ်စစ်မီးသွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ စနစ်တကျထားရှိမှု အခြေအနေ၊ ရေရရှိရေးနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေ၊ပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင် မီးဘေးအန္တရာယ် အခြေအနေများကို စစ်ဆေးခဲ့၍ လိုအပ်ချက်တို့ကို ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဉီးစီးဌာနမှ အမှုဆောင်အရှိရာ ဉီးမြတ်ခန့်အေးနှင့် ပင်လုံမြို့ဈေး ကော်မတီဥက္ကဌတို့က မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ပင်လုံ ပြန်/ဆက်