ကော့မှူး နိုဝင်ဘာ ၂၆
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်က ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်လှိုင် (မြိုင်တင်လှိုင်)မှ မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ ကျောင်းသူ လူငယ်ရွယ်များနှင့် ပြည်သူများအားလုံး မမေ့မလျော့တက်ကြစေရန်၊ အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်အတွက် ပြည်သူများအားလုံး ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြသည်။
ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများသုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်း ပေးခြင်း သာမက အသိပညာပေး (Talk Show)များ၊ ကလေးငယ်များအတွက် Online မှ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ ကော့မှူး