တာမိုးညဲမြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တာမိုးညဲ   နိုဝင်ဘာ ၂၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်ခရိုင် ၊ တာမိုးညဲမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် အစဉ်အောက်မေ့စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက မြို့မစျေးနှင့်မြို့ပေါ်ရပ်ကွက်များ တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် ၊(၁၀၁) နှစ်မြောက် အမျိုးသားအောင် ပွဲနေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊နိုင်ငံတော် ဝန်ကြီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကား မှ ကောက်နုတ်ချက် ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓါတ် ၊ ရေနံ့သာမောင်ကျော်ညွှန့်၏ ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာစသည့်အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သသက်သည့် အကြောင်းအရာ များတို့ပါဝင်ကြောင်းသိရှိရသည်။

(ခေါန်မိုင်က) တာမိုးညဲ