အလုံမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

အလုံ    နိုဝင်ဘာ   ၂၆

အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့ကို အလေးမြတ်တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာ စောင်ကို ယနေ့၊ နံနက်ပိုင်းက  အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သည့် စျေး၊ လမ်းဆုံများနှင့် စာသင်ကျောင်းများသို့ သွားရောက်ကာ ပြည်သူများ ၊ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၆ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီးကို နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရန်ကုန် ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီးဥက္ကဌ၊ နိုင်ငံတော်ဝန်းကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံ ပြောကြားသည့် အမှာ စကားမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေးစိတ်ဓါတ်နှင့်အမျိုးသားပညာရေး အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ရပ်နှင့် ရေနံ့သာ မောင်ကျော်ညွှန့် ရေးသားသည့် " ဘုန်းရှင့်မြန်မာတို့မြန်မာ "ကဗျာ စသည့်အကြောင်းအရာစုံကို ဝေဝေဆာဆာဖြင့် ဖော်ပြပါ ရှိကြောင်းသိရသည်။