မိုင်းယုမြို့၌ ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူတို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်

မိုင်းယု နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတောင်သူ များ စီပွားဖြစ်စိုက်ပျိုးထားလျက်ရှိသော  ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူ တို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်နေကြပြီဖြစ်သည်။

မိုင်းယုဒေသတွင် ဒေသခံတောင်သူများသည်  မိမိတို့၏ လယ်မြေနှင့် ယာမြေများတွင် မိသားစု ဝမ်စားဖူလုံစေရေးအတွက် တစ်ပိုင်တစ်နိုင်ဖြစ်သည့် မြေပဲ၊ ကြက်သွန်၊ ပဲပုတ်၊ အာလူး၊ မုန့်ညှင်း၊ ပဲတောက်ရှည်နှင့် အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလျက်ရှိပြီး ပြောင်း၊ ငရုတ်နှင့် ဖရုံတို့ကိုသာ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးရာသီတွင် ပြောင်းကို ပိုမိုအဓိကအားထားစိုက်ပျိုးကြပြီး ဆောင်းရာသီတွင် ပြောင်းကို အနည်းငယ်သာ စိုက်ပျိုး၍  ဖရုံ နှင့် ငရုတ်တို့ကိုသာ  ဧကပို၍ စိုက်ပျိုးလျက်ရှိကြကြောင်း တောင်သူများထံမှ သိရ သည်။

ယခု ဆောင်းသီးနှံဖြစ်သည့် ငရုတ်မှာ ရင့်မှည့်လာ၍ တောင်သူများ အချိန်မှီ ရောင်းချနိုင်ရန် စတင်ခူးဆွတ်နေကြပြီ မိုင်းယုဒေသတွင် ဆောင်းသီနှံ ငရုတ်စိုက်ပျိုးမှုမှာ ယခင်နှစ်က ၂၆၇ ဧကထိ စိုက်ပျိုးလျက်ရှိပြီး ငရုတ်သီး အချိုတစ်ကီလိုတွင် ငွေကျပ် ၄၀၀ ရရှိကာ အစပ်သီး တစ်ကီလိုလျှင် ကျပ် ၃၀၀၀ထိ ရရှိပါကြောင်းနှင့် ယခုနှစ် ဆောင်းရာသီ၌ ငရုတ်စိုက်ဧကမှာ ၁၁၂ ဧကသာ စိုက်ပျိုးထားပါကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)