ရမည်းသင်းမြို့နယ်တွင် ခရမ်းရှည်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

ရမည်းသင်း  နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ‌ဆည်တွင်းကျေးရွာတွင် ခရမ်းရှည်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့် အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခရမ်းရှည်သီး စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် သုံး‌‌တောင်ပတ်လည်စိုက်ပျိုးရကြောင်း ရာသီဥတုအပေါ်မူတည်ပြီး ရေလောင်းပေးရကြောင်း  ပိုးသတ်ဆေး အားဆေးများ   ပတ်ဖျန်း ပေးရကြောင်းနှင့် စိုက်ပျိုးပြီး  သုံးလဆိုရင် အသီးများခူးဆွတ်‌ ရောင်းချလို့ရပြီဖြစ်ကြောင်း သိရသည်။ 

ခရမ်းရှည်သီးကို  (၁)ပိသာကို (၆၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်ပတ်လျှင်ပိသာချိန်(၆၅)ထွက်ရှိကာ ပုံမှန်ဝင်ရရှိ၍  မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပေးလျက်ရှိကြောင်းနှင့် ခရမ်းရှည်သီးစိုက်ပျိုးသင့်ကြောင်း ခရမ်းရှည်သီးစိုက်ပျိုးရောင်းချသူ  ဦးကျော်လွင်ထံက သိရသည်။

ခရိုင် ပြန်/ဆက် (ရမည်းသင်း)