ခိုလမ်မြို့မစျေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်       

 ခိုလမ်  နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ မြို့မစျေးရှိ စားသောက်ဆိုင်များ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် () နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊  ခိုလမ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာဝန်ခံ ဦးလူထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စျေးကော်မတီဝင်တို့ ပူးပေါင်း၍ ပွင့်လင်းရာသီ အချိန်ကာလ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မြို့မစျေးရှိ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံ ဆိုင်များအား စစ်ဆေးပြီး မီးချိတ်မီးကပ်နှင့် ဆက်စပ်ပစ္စည်းများ၊ မီးသတ် ဆေးဘူး ထားရှိမှုအခြေအနေ ရေလှောင်ကန်များ ရေလုံလောက်မှုရှိ /မရှိ၊ စျေးဆိုင်တန်းများ စနစ်တကျ ရောင်းချခြင်းရှိ /မရှိ တို့ကိုကွင်းဆင်း  စစ်ဆေးပြီး မီးဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပေးခဲ့ကြောင်း မီးသတ်ဦစီးဌာနမှ သိရှိရပါသည်။

နောင်ဟေးငင်း(ခိုလမ်)