ရမည်းသင်းမြို့နယ်အတွင်း၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရမည်းသင်း   နိုဝင်ဘာ  ၂၅

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မန္တလေးတိုင်း ဒေသကြီးရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ  ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက်  ယနေ့ နံနက်ပိုင်းက စာသင်ကျောင်း၊ လူစည်ကားရာ မြို့မဈေးနှင့် ဌာနဆိုင်ရာရုံးများကို သွားရောက် အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင်၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သဝဏ်လွှာမှ ကောက်နုတ်ထားသော အမျိုးသား ပညာရေးနှင့် ကဗျာများပါဝင်ကြောင်း သိရသည်။

ဇော်ဝင်းအောင်