အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်    နိုဝင်ဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက် နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (၁)ကျောင်းတွင် ဖြန့်ဝေခဲ့သည်။

ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ခရိုင် ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေ ခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက် လာပုံ၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေးစသည့် သိကောင်းစရာများ ပါဝင်သည်။

အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို