မိုးကောင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းဖြန့်ဝေ

 

မိုးကောင်း      နိုဝင်ဘာ        ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့ထူးနေ့မြတ်အကြောင်းဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ ညနေပျံကျ ဈေးသည် ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ် ချက်များ၊ အမျိုးသားရေးစိတ်ဓါတ်၊ အေးအတူ ပူအမျှ၊ ဘုန်းရှင့်မြန်မာတို့မြန်မာ(ကဗျာ)၊ အမျိုးသားပညာရေး၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)