ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ကွမ်းခြံကုန်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(community Center)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ့နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ခင်ကျင်းပြသရာတွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ဆောင်းပါး ကောက်နုတ်ချက်များ၊ အမျိုးသားနေ့ ကဗျာ၊ ကာတွန့်၊ ဆောင်းပါးများ ပြထားပြီး စာအုပ်ပြပွဲများ ခင်းကျင်းပြသ ထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လာရောက်ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)