နွားထိုးကြီး နိုဝင်ဘာ ၂၅
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့၌ (၁၀၁)နှစ်မြောက်၊ အမျိုးသာအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ အေးအတူ ပူအမျှ ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်း သားကြီ(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ၊အမျိုးသားပညာရေး၊ ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
သန်းအောင်ဇော်