ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၁၄)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော် မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၃)ဉီးနှင့်  ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က(၁)ဉီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄) ဉီးတို့အား  ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ    ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၄)ဉီးမှာ   အမျိုးသား(၆)ဉီး၊ အမျိုးသမီး (၈)ဉီး တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်မှ(၇)ဉီး ၊ နမ္မတူမြို့နယ်မှ(၁)ဉီး၊ ကွမ်းလုံမြို့နယ်မှ(၃)ဉီး နှင့် ဟိုပန်မြို့နယ် မှ(၂)ဉီးတို့ ဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား (၈၁၂၁)ဉီးနှင့် အမျိုးသမီး(၆၄၉၉)ဉီး တို့ဖြစ်ပြီး   စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၄၆၂၀)ဉီးတို့ကို  လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရ သည်။

 

ဇင်ဇင်(ပြန်/ဆက်)