ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ခရိုင် ရေစီး ရေလာနှင့် ရေဆိုးစီမံခန့်မှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်နေသော တောင်သူကုန်း ရပ်ကွက်၊ စောလေးကျင်ကုန်းလမ်း(အဏ္ဏဝါ(၁)လမ်း နှင့်သာယာအေး(၂)လမ်းကြား)၊ ယိုးဒယားဈေးထိပ် ရေမြောင်း၊ မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)