နောင်တရားမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

နောင်တရား   နိုဝင်ဘာလ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်း အဖြစ် ထုတ်ဝေ သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားပညာရေး၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာ၊ အမျိုးသားရေးစိတ်ဓါတ်၊ အေးတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီးနှင့် အမျိုးသားအောင်ပွဲနေ့သမိုင်းတို့ ပါဝင်သည်။ အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို နောင်တရားမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ နောင်တရားဈေးအတွင်းရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အလုပ်ရုံများတွင် သတင်းစကားလက်ကမ်းစာစောင် (၂၀၀)စောင်ကို အသိ ပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)