လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club နှင့်စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး       နိုဝင်ဘာ        ၂၄

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန Community Centre တွင် ယနေ့နံနက်(၉)နာရီ လယ်ဝေးမြို့နယ် Book Clubနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)ရေးသားသည့် ဖြတ်လမ်းမဲ့ဝင်္ကပါ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မိတ်ဆက်စကားပြော ကြားပြီး လယ်ဝေးမြို့နယ် Book Club ဥက္ကဋ္ဌ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)က ဖြတ်လမ်းမဲ့ဝင်္ကပါစာအုပ် ရေးသားဖြစ်ခဲ့ပုံနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Book Clubမှ စာရေးဆရာဟိန်းအောင်၊ စာပေဝါသနာရှင်များဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဒေါ်ချိုချိုဝင်း၊ ဦးစောလွင်တို့က ဝင်္ကပါအစ၊ ဝင်္ကပါဝယ်၊ ဝင်္ကပါအလယ်၊ ဝင်္ကပါအဆုံးစသည့် အပိုင်း လေးပိုင်းကို အသီးသီးပြန်လည်ဆွေးနွေးသည်။ ထို့နာက် စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)က ဆွေးနွေးချက်များအား ခြုံငုံသုံးသပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)