နမ့်စန်(တ) နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းအတွင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများနှင့်၊ အခြားကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည့် နေရာတို့မှ စုစုပေါင်း၄၂၉ ဦးကို မြို့နယ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစင်တာနှင့် အဆိုပါကွင်းဆင်းစစ်ဆေးသည့်နေရာများတွင် ယနေ့ နံနက် ၉နာရီမှ နေ့လည် ၁နာရီအတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ လွယ်စန့်ကျေးရွာမှ မှ ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် လင်းခေးမြို့မှ ၄၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၂ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၂ ဦးကို ပြည်သူ့ ဆေးရုံ ရှိ ၄ထပ်ဆောင်တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေ မိသားစုဝင် များ ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် နိုဝင်ဘာ၂၄ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကုသဆဲ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၁ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)