ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော်    နိုဝင်ဘာ    ၂၅

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ “လူငယ်နှင့်ယဉ်ကျေးမှု တန်ဖိုး စာအုပ်ပါအကြောင်းအရာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက  အဆိုပါပြည်သူ့ စာကြည့်တိုက်တွင်  ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင်  ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းကျင်းပရခြင်းသည် အကျိုးကျေးဇူးများစွာ ရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတ ပြည့်ဝစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပကြောင်းပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)က “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်မှ “ယဉ်ကျေးမှုစံနှုန်း မြှင့်ကြရအောင် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုမှ “ယနေ့လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ ရဿဝတီအမေနန်းမှ “ဘာတွေထိန်းသိမ်းရမှာလဲ၊ ဘယ်လို ထိန်းသိမ်းရမှာလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဟန့်ညွန့် (ယဉ်ကျေးမှု)မှ "လူငယ်တွေ လက်ခံနေတဲ့ ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသည့် စာဖတ်ပရိသတ်များက လည်းပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)