မန့်ဟီးရိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန့်ဟီးရိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေ ခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့သမိုင်း ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁.၄.၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားထားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ၊ ဆောင်ပုဒ်များ၊ မိန့်ခွန်းနှင့်သဝဏ်လွှာမှကောက်နုတ်ချက်များ အစရှိသည့် အကြောင်းအရာများ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
ဆိုင်းမိုင် (မန့်ဟီးရိုး)