ပုဗ္ဗသီရိ နိုဝင်ဘာ ၂၅
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်) နှင့် စာရေးဆရာ ရဲမွန်ကျော်တို့က အမျိုးသားအောင်ပွဲနေ့ရဲ့ ထူးခြားချက်များအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ခဲ့ပုံ အကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပုံလာပုံနှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာမှုကြောင့် ရရှိခဲ့သည့် အကျိုးအမြတ်များအကြောင်း၊ အမျိုးသား အောင်ပွဲနေ့ဆိုတာ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)